ဟင်းနုနွယ်ဖျော်ရည်နဲကျန်းမာရေး




ဟင်းနုနွယ်ဖျော်ရည်နဲကျန်းမာရေး
====================

#ဟင်းနုနွယ်ဆိုတာ
ကျန်းမာရေး အထောက်အကူဖြစ်တဲ့ အစာတစ်မျိုးဖြစ်ပါတယ် ။

ဗီတာမင် များစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါတယ်။
ဟင်းနုနွယ်ကို အရွက်သုပ် သို့ ကြော်စားခြင်း များပြုလုပ်နိုင်သလို ဖျော်ရည်လုပ်သောက်ခြင်းဖြင့်လည်း မည်ကဲ့သို့ အာဟာရဖြစ်စေနိုင်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#နှလုံးကျန်းမာစေခြင်း...

ဟင်းနုနွယ်က ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝလို့ နှလုံးတွက်များစွာအထောက်အကူဖြစ်စေပါတယ် ။ နှလုံးပုံမှန်လုပ်ဆောင်ရန် အားပေးလှုံ့ဆော်ပေးကာ ၎င်းတွင်ပါဝင်တဲ့  ဗီတာမင်အေနဲ့ စီတို့က ကိုလက်စတောတွေကို ဖယ်ရှားပေးကာ နှလုံးအားနည်းခြင်းဝေဒနာတွေကို တားဆီးပေးပါတယ်။

#အာဟာရ...

ဟင်းနုနွယ်ဖျော်ရည်တစ်ခွက်မှာ ၂၈ ကယ်လိုရီသာပါဝင်ပြီး အဆီပါဝင်မှု ၁ ဂရမ်အောက်နည်းပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျချင်တဲ့လူတွေအနေနဲ့ လတ်ဆတ်တဲ့ ဟင်းနုနွယ်ကိုသောက်ပေးခြင်းဖြင့် ပရိုတင်းဓါတ်လည်း ၃.၅ ဂရမ် နှင့် သကြားဓါတ် ၀.၅ ဂရမ်ရရှိနိုင်မှာဖြစ်ပါတယ်။

#သွေးပေါင်ကျစေခြင်း...

ပိုတက်ဆီယမ်ကြွယ်ဝပြီး ဆိုဒီယမ်နည်းလို့ ဟင်းနုနွယ်က သွေးပေါင်ချိန်ကျစေနိုင်ပါတယ်။ diet ဖြစ်စေတဲ့ အာဟာရပြည့် ဖျော်ရည်လုပ်သောက်မယ်ဆိုရင်တော့ ဟင်းနုနွယ် ၅ ပင် ၊ ဂေါ်ဖီပေါက်စ တစ်လုံး ၊ သခွားသီး တစ်လုံး ၊ လိမ္မော်သီး နှစ်လုံး နှင့် နာနတ်သီးတစ်စိတ်တို့ဖြင့် ဖျော်ရည်လုပ်သောက်လို့ရပါတယ်။

#ဂေါ်ဖီပေါက်စ :

ရောင်ရမ်းမှုကျစေခြင်း...

ဟင်းနုနွယ်မှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ ဓါတ်တွေပါရှိကာ ဓါတုဆေးဝါးများတွင်သုံးတဲ့  alpha-linoleic acid (ALA) ဆိုတဲ့ ဓါတ်များစွာပါဝင်ပါတယ်။

#မဂ္ဂနီဆီယမ်...

ဟင်းနုနွယ်မှာ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝတဲ့ အတွက် ကိုယ်တွင်းရှိ ဆဲလ်တွေပျက်စီးမှုကို များစွာလျှော့ချပေးပါတယ်။
ဆဲလ်တွေကို စုစည်းလုပ်ဆောင်စေပြီး အဆိပ်အတောက်ဖြစ်စေတဲ့ ဆဲလ်တွေကိုလည်း တားဆီးပေးပါတယ်။ ဆဲလ်ပျက်စီးမှုကို ထိန်းချုပ်ပေး၍
ပရိုတင်းနှင့် ခန္ဓာကိုယ်တွက်လိုအပ်တဲ့ အက်ဆစ်ဓါတ်တွေကို ထောက်ပံ့ပေးနိုင်လို့ အရိုးကိုလည်း ခိုင်ခံ့စေပါတယ်။

#အမြင်အာရုံ...

ဟင်းနုနွယ်မှာ ဗီတာမင်အေပါဝင်လို့ အမြင်အာရုံကိုကောင်းစေပြီး အတွင်းတိမ် ၊ ညဘက်မှုန်ခြင်း တို့ကို သက်သာစေနိုင်ပါတယ်။
အခြားအမြင်အာရုံဆိုင်ရာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးပါတယ်။

#ကင်ဆာ...

ဗီတာမင် ၊ သတ္တုဓါတ် တို့ကြွယ်ဝစွာပါဝင်တဲ့အတွက် ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ် ။ လေ့လာတွေ့ရှိချက်တွေအရ ဟင်းနုနွယ်က ကင်ဆာအမျိုးမျိုးကို
တားဆီးပေးတာတင်မကဘဲ အချို့သောကင်ဆာတွေကို ပျောက်ကင်းစေနိုင်တယ်လို့တောင် ဆိုပါတယ်။

#အရိုးကျန်းမာရေး...

ဗီတာမင် ကေ ပြည့်ဝတဲ့ ဟင်းနုနွယ်က ကယ်ဆီယမ်ထောက်ပံ့ပေးနိုင်တဲ့ အတွက် အရိုးကြံ့ခိုင်စေကာ အရိုးအားကောင်းခြင်း၊
သိပ်သည်းမှုတို့ကို ဖြစ်စေတဲ့ အတွက် အရိုးပွရောဂါဖြစ်မှုကို တားဆီးပေးနိုင်ပါတယ်။

မှတ်ချက် ။ ။

ဟင်းနုနွယ်ဖျော်ရည်လုပ်သောက်မယ်
ဆိုပါက ၎င်းအရွက်တွင် အညစ်အကြေးများမပါလာစေရန် သေချာဆေးပေးဖို့ လိုအပ်ပါတယ် ။

ဆေးနဲ့ စိုက်ထားတဲ့ 
အပင်ထက် မိမိဘာသာ အိမ်မှာစိုက်ထားတဲ့ အပင်က ပိုကောင်းတဲ့ ရလဒ်ကိုပေးစွမ်းနိုင်ပါတယ်။

၎င်းအရွက်က ကျန်းမာရေးအတွက်
များစွာအထောက်အကူပြုတယ်
ဆိုပေမယ့် ကျောက်ကပ်ရောဂါ ၊
ဂေါက်ရောဂါ သည်းခြေအိတ်ဝေဒနာ
တွေရှိတဲ့လူတွေကတော့
ဆရာဝန်ညွှန်ကြားချက်
ခံယူပြီးမှသာ သောက်နိုင်မှာဖြစ်ပါတယ် ။

Crd မူရင်းရေးသာသူအားလေးစားစွာဖြင့်