ကဋကန္ဒ- ပိန်းဥအယဉ် ရဲ့ ဆေးအသုံးဝင်ပုံများ




ကဋကန္ဒ- ပိန်းဥအယဉ်

@ ရုက္ခဗေဒအမည်
( Typhonium trilobatum schott )

@ ပေါက်ရောက်ပုံ
မြန်မာနိုင်ငံ အိန္ဒိယနိုင်ငံတို့ရဲ့ဇာတိပင်ဖြစ်တယ်
စွတ်စိုထိုင်းမှိုင်း၍အနိမ့်ပိုင်းကျသောနေရာများတွင်
ပေါက်လေ့ရှိတယ်။

@ ပေါက်ရောက်သည့်ဒေသ
အိန္ဒိယနိုင်ငံ /ကျွန်းဆွယ်အနောက်ပိုင်း /ဗင်္ဂလားနှင့်
အာသံပြည်နယ်များ/သီဟိုဠ်/ မြန်မာနိုင်ငံ /မလေးကျွန်းစွယ်
ယိုးဒယား /ကမ္ဘောဒီးယား/
ဇာဝနှင့် ဗိုနီယိုကျွန်းများမှာပေါက်ရောက်တယ်။



@အသုံးဝင်ပုံ
အမြစ် (ကျူဗာ ) သည်အရသာစူးရှသည်
အနာများကိုအုံပေးခြင်း/မြွေကိုက်သည့်နေရာများကို
အပြင်ဆေးအဖြစ်ထည့်ပေးခြင်း
အမြစ်ကိုပဲကြီးဆေးခန့်အတွင်းဆေးအဖြစ်လည်းတိုက်ပေးရ၏။

@အမြစ်သည်အလွန်ထက်မြက်သောအားဆေးဖြစ်၏။

@အမြစ်ကိုငှက်ပျောသီးနှင့်စားပေးပါက
အစာအိမ်ရောဂါပျောက်ကင်းစေတယ်။

@အမြစ်ကိုအစားအစာအဖြစ်စားသုံးခြင်းဖြင့်
ဝမ်းသက်စေပြီးလျှင် တုလာမြင်းသရိုက်ရောဂါကို
သက်သာစေပါတယ်။
အမြစ်တွင်စူးရှသည့်အရသာရှိသောအရာသည်
လွင့်ပြန်တတ်၍အပူပေးခြင်းဖြင်
၎င်းအမြစ်သည်ဘေးကင်း၍
စားသုံးရန်ကောင်းသောအစားစာဖြစ်လာ၏။

@မှတ်ချက်
ပုံပြဆေးဝါးပင်များ
(အဘိဓာန်ညွန့်ပေါင်းပထမတွဲ )မှမျှဝေပါသည်။

@ကျန်းမာကြပါစေရှင့်