မြွေဆိပ်နိုင်သည့်် အပြင် တခြားဆေးဖက်ဝင် အစွမ်း များစွာရှိသည့်် နနွင်းနက်။
မြွေဆိပ်နိုင်သည့်် အပြင် တခြားဆေးဖက်ဝင်
အစွမ်း များစွာရှိသည့်် နနွင်းနက်။
အသုံးဝင်ပုံ
🍀🍀🍀
မြန်မာ့ဆေးကျမ်း အလိုအရ “ နနွင်းနက် ” ဟာ
(က) မြွေဆိပ်သာမက၊ သတ္တ၀ါအမျိုးမျိုးတို့ ၏
အဆိပ်ကို ပြီးစေပါတယ်တဲ့။
မြွေအပါအ၀င် အဆိပ်ရှိ သတ္တ၀ါတွေ အကိုက်
ခံရပါက “နနွင်းနက်” ကို သွေး၍လိမ်းပေးခြင်းဖြင့်
အဆိပ်တွေ သူ့ အလိုလို ပြန်ထွက်လာစေပါတယ်။
(ခ) “ နနွင်းနက် ” ကို ဆန်ဖြင့် ရောချက်လိုက်တဲ့
အခါ၊ ထမင်းဟာ အနက်ရောင်ပြောင်းသွား
ပါတယ်၊ သို့ သော် ထမင်း အနံ့ ရော အရသာပါ
စားလို့ အရသာရှိပါတယ်။
၎င်းထမင်းကို စားခြင်းဖြင့် အာဟာရ သိဒ္ဓိပြည့်ဝ
ပါတယ် တဲ့။
(ဂ) တရုတ် လူမျိုးများနဲ့ ၊ အိန္ဒိလူမျိုးများဟာ
ကျားခွန်အား (ကာမ) အားတိုးဆေးအဖြစ်
နနွင်းနက်ကို ပါးပါးလှီး၍ ပျားရည်ဖြင့်စိမ်၍
သောက်ကြပါတယ်တဲ့။
နနွင်းနက်
၁။ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို
တားဆီးပါတယ်၊ ကင်ဆာဖြစ်မယ့်အနေအထားကို
ပြောင်းပေးနိုင်ပါတယ်။
၂။ အဆုပ်ရောဂါများဖြစ်သည့် လေပြွန်ရောင်ခြင်း၊
နမိုးနီးယား ၊ပန်းနာရင်ကြပ် ဖြစ်ခြင်းတို့ကို
သက်သာပျောက်ကင်းစေပါတယ်။
၃။ အင်တီအောက်ဆီဒင့်သတ္တိ ရှိတဲ့အတွက်
အိုမင်း ယိုယွင်းခြင်း တို့ကို တားပေးနိုင်ပါတယ်။
၎။ ရောင်ရမ်းခြင်းတွေကို တားပေးပါတယ်။
(ရောဂါမှန်သမျှရဲ့ အစဦးဖြစ်စဉ်ဟာ
ရောင်ရမ်းခြင်း ဖြစ်ပါတယ်)
၅။ နာကျင်မှုတွေ ပျောက်စေပါတယ်။
သွားနာ သွားကိုက် ၊ အဆစ်အမြစ် ကိုက်ခဲခြင်း
တွေကို ပျောက်စေပါတယ်။
(ဆေးဝါးအဖြစ် ထုတ်လုပ်ထားတာတွေ ရှိပါတယ်၊
အညွှန်းကြည့်ပြီး သုံးနိုင်ပါတယ်)
ကိုယ့်မှာ နနွင်းမှုန့် ရှိခဲ့ရင်တော့ ဟင်းထဲ
ထည့်ချက်လို့ပဲ ဖြစ်ဖြစ် ၊
ဖျော်လို့ပဲ သောက်သောက်၊
အလျှင်းသင့်သလို သုံးနိုင်ပါတယ်။
ခါးတော့ တော်တော် ခါးပါတယ် တဲ့ ..
နနွင်းနက်ရဲ့ဆေးဖက်ဝင်ပုံကိုတော့
ရှေ့နေကြီး ကိုအောင်ဇော်ဦးနည်းလမ်းပေးလို့
ဖောက်သည်ချလိုက်ပါ့မယ်။
ကိုအောင်ဇော်ဦးကိုယ်တိုင် ရသာယနဆေးကျမ်း
ကနေကူးယူပြီးဖော်စပ်ထားတာပါ …
လက်တွေ့လည်း သူ့ရဲ့မိခင်ကြီးကိုလည်းသုံးစွဲ
စေပြီး အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊
ဆီးဝမ်း သွေးလေမှန်ကန်ခြင်း၊ အသားအရည်
စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊
မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို
သူကိုယ်တိုင်လည်းသုံးစွဲရင်း လက်တွေ့အကျိုးထူး
ရနေကြောင်းပြောပြပါတယ်။
ဆေးဖော်စပ်နည်းကတော့ …
နနွင်းခါးအမှုန့်် ၂၅ ကျပ်သား၊
(ပရဆေးဆိုင်မှာ မေးဝယ်ပါ …
အိမ်သုံးနနွင်းထက် အရောင်နည်းနည်းဖျော့ပြီး
လိမ္မော်ရောင်ဆန်ပါတယ် … ပိုလည်းခါးပါတယ်)
နနွင်းနက်အမှုန့် ၅ ကျပ်သား၊
မကျည်းမှည့်အနှစ် ၂ ကျပ်ခွဲသား၊
ရိုးရိုးဆား ၁ ကျပ်သား (အိုင်အိုဒင်းဆားမဟုတ်)
ဆင်တုံးမနွယ်အမှုန့် ၅ ကျပ်သား၊
(ပရဆေးဆိုင်မှာဝယ်ပါ၊ ဆင်တုံးမနွယ်ပေါရင်
ကိုယ်တိုင်အခြောက်ခံ ထောင်းပါ)
အဲဒီအမှုန့် အချိန်အဆအားလုံးကို
ပျားရည်စစ်စစ်နဲ့ သမပါ၊
ပျားရည်က အများကြီးမလိုပါ၊ နှံ့နှံ့စပ်စပ်မွှေပြီး
ဆေးလုံးလို့ရရုံသာထည့်ပါ၊
ဒီလိုတေထားတဲ့ဆေးကို ညအိပ်ယာဝင်တိုင်း
မန်ကျည်းစေ့တစ်စေ့စာလောက်ပဲ ရေအေးနဲ့
သောက်ပေးရပါတယ်၊
အိုမင်းမစွမ်းရှိသော် အားအင်တို့ကိုပြည့်ဖြိုးစေပြီး
အသက်ကိုလည်း ရှည်စေပါတယ်။
ကျားကျားမမ
အသက်ငယ်သော် အကုန်လန်းတယ်လို့
အဆိုရှိပါတယ်၊ အဲ … အမောခံနိုင်ခြင်း၊
နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေ
မှန်ကန်ခြင်း၊ အသားအရည်စိုစွတ်ဝင်းပခြင်း၊
ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ
နည်းနည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊
မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေကို
ဆိုလိုခြင်းဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ …။
Credit >>>
မှတ်စု page