ခြေဖနောင့်နာခြင်း အကြောင်းနှင့်ဆောင်ရန်ရှောင်ရန်များ

ခြေဖနောင့်နာခြင်း အကြောင်းနှင့်ဆောင်ရန်ရှောင်ရန်များ
*******t*******h*******u********r********a*******
( လေ့ကျင့်ခန်းများ အကျဉ်းမျှဖော်ပြပေးလိုက်ပါတယ်)
ခြေဖနောင့်နာခြင်းသည်။လူတိုင်းအနည်းနှင့်အများ ဖြစ်ဖူးသော လက္ခဏာတခုဖြစ်သည် များသောအားဖြင့် အောက်ပါအကြောင်းများကြောင့် ခြေဖနောင့်နာခြင်း အဖြစ်များသည်။
၁-ထိခိုက်ဒဏ်ရာကြောင့် ဖနောင့်နာခြင်း။
၂-ခြေဖနောင့်ရိုးကျီးပေါင်းဖြစ်ခြင်း။
၃-ခြေဖနောင့်အရွက်ယောင်သောကြောင့်နာခြင်း။
၎-ခြေဖနောင့်တွင် အသားမာများရှိခြင်းကြောင့်နာခြင်း။
၅- အဆစ်ယောင်ရောဂါ တမျီုးမျီုးကြောင့် နာခြင်း။
၆-အရိုးပွခြင်း စသောအရိုးရောဂါ တမျီုးမျိုးကြောင်းနာခြင်း။
၇-ခြေမနောင့်များ ကွဲခြင်း အနာဖြစ်ခြင်းကြောင့်နာခြင်း
တို့ဖြစ်နိုင်ပါသည်။
၈-အဝလွန်ခြင်း ကြောင့်လည်း ဖနောင့်နာနိုင်ပါသည်။
🌸မည့်သည့်အကြောင်းကြောင့် ဖနောင့်နာခြင်း ကိုက်ခြင်းဖြစ်ပေါ် သည်ဖြစ်စေ အောက်ဖော်ပြပါ အချက်များလိုက်နာခြင်းဖြင့် သက်သာစေနိုင်ပါတယ်ဗျ ။
၁-အတတ်နိုင်ဆုံးအနားယူသင့်ပါတယ်။
၂-ဒေါက်ဖိနပ်စီးခြင်း ဖိနပ်အမြင့်စီးခြင်း ဖိနပ်အမာ စီးခြင်းများ ရှောင်ကျဉ်သင့်ပါသည်။
၃-ဆားခါး သို့မဟုပ် အိမ်သုံးဆား ကို အပူအနည်းငယ်ပေးကာ ဖြေးဖြေးနင်းပေးပါက သက်သာနိုင်ပါသည် ဆားကြပ်ထုပ် ထိုးပေးနိုင်လည်း ကောင်းပါသည်။
၎- ဝိတ်များနေပါက လျော့ပေးသင့်ပါသည်။
၅-ဆားရေနွေး စိမ်ပေးပါလည်း သက်သာစေနိုင်ပါသည်။
၆-သက်ရင်းကြီး ကြောင်ပန်း ကွမ်းရွတ် ဂျင်း မိဿလင် စသော ဆေးပစ္စည်းများဖြင့် လည်း ဆေးကြပ်ထုပ်လုပ်ပြီး ဖြစ်သောနေရာ ထိုးပေးပါက သက်သာနိုင်ပါသည်။
၇-များသော အားဖြင့် ခြေဖနောင့် နာခြင်းကို မနက်စောစော အိပ်ယာထတွင် စတင်နာတတ်ပြီး ခဏအကြာ ပြန်ပျောက်သွားတတ်ပါသည် ယင်းသို့စတင်ဖြစ်လျင် သေချာ စတင်ဂရုစိုက်သင့်ပါတယ် နောက်ပိုင်းပိုပြီး ဆိုးလာလျင် နာလည်း တတ်ကျွမ်းသော ဆရာများနှင့် ဆောလျင်ကုသပါက အမြန်ပျောက်ကင်းနိုင်ပါတယ်။
ခြေဖနောင့်ကျီးပေါင်း အဆစ်ရောင် အရိုးပွ စသော ရောဂါတမျိုးမျိုးကြောင့်ဖြစ်ပါက ဆိုင်ရာရောဂါပျောက်ဆေးများနှင့်တွဲဖက်သောက်ပြီး ကုမှသာ ပျောက်ကင်းနိုင်ပါလိမ့်မယ်ခင်ဗျာ။
- ဆရာကြည်လွင်မြင့်(မုဒြာ)