ခေါင်ရမ်းပန်းရဲ့ အစွမ်းသတ္တိများ

🌺ခေါင်ရန်းပန်း🌺
သင်မသိသေးတဲ့ ပန်းတစ်ပွင့်ရဲ့အစွမ်း
*********^**********^********
✔ သားအိမ်အားကောင်းပြီး သားသမီးရတနာထွန်းကားစေဖို့ အတွက်
➳ ခေါင်ရန်းပန်း (၁၀)ပွင့် ၊ ဝတ်ဆံတံ ကို
ဖယ်ရှားပစ်ပါ၊ပွင့်ဖတ်တွေ ရေစင်အောင်ဆေးပြီး ရေနွေးဖျောပါ၊ရေညစ်ပြီး တို့စားစား
သုပ်စားစား စားချင်သလိုစား မကြာခဏစားပေးပါ။သားသမီးထွန်းကားစေပါတယ်။
✔ အမျိုးသားများ အတွက် ❦ အားဆေး❦
********^*********^*******
✔ သန့်စင်သော ပုလင်းအလွတ်တစ်လုံးထဲ
ဝတ်ဆံပါ ခေါင်ရန်းပန်း( ၅)ပွင့်ထည့်ပါ
ရေကျက်အေး အပြည့်ထည့်ပါ၊
သကြား ဟင်းစားဇွန်းတစ်ဇွန်းထည့်ပါ၊
ဆန်ပုံးထဲ (၇)ရက်မြုပ်ထားပါ။
➳( ၈)ရက်မြောက်နေ့တွင်စသောက်နိုင်ပါပြီ
မနက် ည အကြမ်းပန်းကန်တစ်လုံးစာသောက်ပါ။(ပန်းသေပန်းညိုးအတွက်)ဆေးဖြစ်ပါသည်။
တစ်လုံးပြီးတစ်လုံးဆက်သောက်နိုင်ရန်
စီစဉ်ထားသင့်ပါသည်။
✔ ခေါင်ရန်းပန်းကို အခြောက်လှန်းပြီး
ရေနွေးအဖြစ်သောက်သုံးပေး လျှင်
✔ သွေးတိုး
✔ အဝလွန်
✔ အိပ်မပျော်
✔ ဆီးရောဂါများ
✔ အသည်းရောဂါများကိုပျောက်ကင်းစေနိုင်ပါသည်။
သွေးဖိအားကိုလျော့ချပေးနိုင်တာကြောင့်
ခေါင်းကိုက်၊ ခေါင်းမူးခြင်းနဲ့၊နားအူတာကိုသက်သာစေပါတယ်။
ခုနောက်ပိုင်းလေ့ လာတွေ့ ရှိချက်အရ
ခေါင်ရန်းပန်းလဘက်ရည်နွေးသောက်ခြင်း
ဖြင့် အသည်းရောဂါနှင့်ကင်ဆာရောဂါဖြစ်နိုင်ချေကိုလျော့ချပေးတယ်လို့ဆိုပါတယ်။
Shwe LaThar Win
MyMc♕