Beetroot (သကြားမုန်လာဥ/နိုကိုဥ)ရဲ့ ကောင်းကျိုးများ




Beetroot (သကြားမုန်လာဥ/နိုကိုဥ)ရဲ့ ကောင်းကျိုးများ
🌱🌱🌱t🌱🌱h🌱🌱u🌱🌱r🌱🌱a🌱🌱🌱

City martတို့ Ocean Center တို့ ရောက်ရင် သတိထားမိတဲ့ ဥတစ်မျိုးကို တွေ့ရပါတယ်။ ဥနီ(Beetroot) သို့မဟုတ်  နိုကိုဥ သို့မဟုတ် သကြားမုန်လာဥ လို့ခေါ်တဲ့ ဥတမျိုးပါပဲ။ချိုမြတဲ့ အရသာကိုကြိုက်လို့ လေ့လာကြည့်မိပါတယ်။

Beetroot က ၁၄၀၀ဘီစီလောက်က Beta ဆိုတဲ့လက်တင်စကားကနေ ဆင်းသက်လာပြီး သူရဲ့ ချိုမြတဲ့အရသာကြောင့် Sugar Beetလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။Beetroot ကို မြောက်အမေရိက မှာ စိုက်ပျိုးဖြစ်ထွန်းကာ အသုံးများခဲ့တယ်လို့ သိရပါတယ်။Bartolomeo Sacchiဆိုတဲ့Italian လူမျိုး၊အစာအိမ်အူလမ်းကြောင်းကုတဲ့အပြင် စာလည်းရေးတဲ့ စာရေးဆရာက Beetroot ရဲ့ ကောင်းကျိုးတွေ ရေးသားပြီး Beetroot က လူသိများလာပါတယ်။ Beetroot နဲ့ ကြက်သွန်ဖြူနဲ့ ပေါင်းပြီး အစာမကြေတဲ့ ရောဂါနဲ့ သွေးရောဂါတချို့ကို ကုသပေးခဲ့ပါတယ်။

၁၉ရာစု အလယ်လောက်မှာ Beetroot ကို
ဝိုင်ရဲ့ အရောင်ချယ်ရာမှာ စတင်အသုံးပြုလာကြပါတယ်။ Beetroot ဆိုတာ မုန်လာဥလို အပင်တမျိုးဖြစ်ပြီး အရိုးနီညိုရောင် နဲ့ အရွက်အစိမ်းရောင် ပင်ပုတမျိုးပါပဲ။ Beetroot ကို စားသုံးနိုင်ဖို့ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ ၂လနီးပါးသာ ကြာမြင့်ပါတယ်။ကမ္ဘာ့နိုင်ငံအနှံ့မှာ Beetroot ကိုနာမည်မျိုးပေါင်း များစွာ ခေါ်ဝေါ်ကြပါတယ်။အီဂျစ်မှာ Crosby’s Egyptian လို့ခေါ်ဝေါ်ပြီး တချို့နိုင်ငံတွေမှာ Yellow root လို့လည်းခေါ်ကြပါတယ်။

Beetroot ရဲ့ အရွက်ကို စားလို့ရပါတယ်။အရသာက မုန်ညင်းရွက်နဲ့ တူပါတယ်။Beetroot ကို ပြုတ်ပြီးစားကြသလို၊မီးဖုတ်ပြီးစားကြပါတယ်။အစိမ်းစားတဲ့အပြင် ဖျော်ရည်ဖျော်ကာ စားကြသလို၊ဆလပ်ရွက်နဲ့ရောပြီး သုပ်စားတတ်ကြပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံက Beetroot ကို အချဉ်တည်ပြီး ဆီသွပ်ဘူးထဲထည့်ကာ နိုင်ငံတကာကို တင်ပို့ရောင်းချ ကြပါတယ်။

အရှေ့ဥရောပ နိုင်ငံတချို့မှာ Beetroot ကို စွပ်ပြုတ်လုပ်ကာ သောက်သုံးကြပါတယ်။အန္ဒိယနာမည်ကျော် စာဖိုမှူးများက Beetroot ကို အချိုပွဲအတွက် ပူတင်း၊ဂျယ်လီ လုပ်ကာ အသုံးပြုကြပါတယ်။ဒပ်ခ်ျလူမျိုးတွေက အချဉ်လုပ်ထားတဲ့ Beetroot ထဲကို ကြက်ဥပြုတ်ထည့်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းကာ စားသုံးကြပါတယ်။Beetroot ရဲ့ အရသာတွေနဲ့ အာဟာရတန်ဖိုးတွေက ကြက်ဥထဲ စီးဆင်းတယ်လို့ ယုံကြည်ကာ စားသုံးကြပါတယ်။နာမည်ကြီး ယူကရိန်းစားသောက်ဆိုင်တွေမှာ Beetroot အသားညှပ်ပေါင်မုန့်က နာမည်ကြီးလှပါတယ်။Australia မှာ အချဉ်စိမ်ထားတဲ့ Beetroot ကို အမဲသားနဲ့ ဟန်ဘာကာ လုပ်စားတာက နာမည်ကြီးလှပါတယ်။ဂျာမနီမှာ Beetroot ကို ချေပြီး ပြောင်းဖူး၊ကြက်သွန်၊အာလူးတို့နဲ့ ဟင်းပွဲလုပ်ကာစားကြပါတယ်။

Beetroot ၁၀၀ဂရမ်မှာ Energy ၄၃ကီလိုကယ်လိုရီ၊ကာဘွန်ဟိုက်ဒြိတ် ကစီဓာတ်က ၆.၇၆ ဂရမ်၊ အမျှင်ဓာတ်က ၂.၈ဂရမ်၊ အဆီဓာတ်က ၀.၁၇ ဂရမ်၊အသားဓာတ် ၁.၆၁ ဂရမ်၊ဗီတာမင်အေ၊ဗီတာမင်ဘီဝမ်း၊ဗီတာမင် စီ၊ဗီတာမင်ဘီတူး ၊ဖောလိတ်၊သွပ်ဓာတ်၊မန်းဂနိ၊ပိုတက်စီယမ်နဲ့ သတ္ထုဓာတ်မြောက်မြားစွာပါဝင်ပါတယ်။ရေဓာတ် ၈၈%ပါဝင်ပါတယ်။

ကျန်းမာရေးအရ ကောင်းကျိုးများ



၁။ သွေးပေါင်ထိန်းညှိပေးခြင်း

Beetroot မှာ Betaဆိုတဲ့ ဓာတ်က ခန္ဓာကိုယ်ထဲရောက်ရင် တစ်နာရီအတွင်း သွေးပေါင်ထိန်းညှီပေးပြီး လေဖြတ်တာ၊နှလုံး Attack ရတာတွေကနေ ကာကွယ်တယ်လို့ အရှေ့တိုင်း တိုင်းရင်းဆေးတွေက ဆိုပါတယ်။

၂။စိတ်ဖိစီးမှုကို တွန်းလှန်ပေးခြင်း

Beetroot မှာ မဂ္ဂနီစီယမ်ကြွယ်ဝစွာပါဝင်တာမို့ ကြွက်သားတွေအားကောင်းစေတဲ့အပြင် ၊စိတ်ဖိစီးမှုကို တွန်းလှန်ပေးပါတယ်။

၃။သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း

Beetroot မှာ သံဓာတ်ကြွယ်ဝစွာပါတာမို့ သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးငယ်တွေ အထူးသောက်သုံးသင့်ပါတယ်။

၎။ အူမကြီးကင်ဆာကို ကာကွယ်ပေးခြင်း

Beetroot မှာပါတဲ့ Betacyaninလို့ခေါ်တဲ့ အနီရောင်ခြယ်ဓာတ်က အူမကြီးကင်ဆာရောဂါ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် ဆီးမှန် ဝမ်းမှန် စေပါတယ်။

၅။အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း

Beetroot မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေက အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။

၆။အမြင်အာရုံ၊အသည်းနဲ့ကျောက်ကပ်အားကောင်းစေခြင်း

Beetroot မှာ ဗီတာမင်အေနဲ့ အမိုင်နိုအက်ဆစ်အမျိုးနွယ်ဝင်တွေ ပါဝင်တာမို့ အမြင်အာရုံ၊အသည်းနဲ့ကျောက်ကပ်အားကောင်းစေပါတယ်။

၇။အစာကြေစေခြင်း

Beetroot မှာပါတဲ့ ဘီတာမင်များစွာက မုန့်ချိုအိတ်ကို အားဖြည့်ပေးပြီး အစာကြေစေပါတယ်။

၈။အရေပြားကိုလှပစေခြင်း

ဗီတာမင်စီ၊copper နဲ့ ဖော်လစ်အက်ဆစ်တွေ ပါဝင်တာမို့ အဆိပ်အတောက်ကင်းစေကာ အရေပြားကို လှပစေပါတယ်။ဆံကေသာကို နက်မှောင်စေပါတယ်။
Anti-aging root လို့တောင်တင်စားကြပါတယ်။

၉။ဆီးချိုသမားတွေ စားလို့ ရ မရ

Beetroot ရဲ့ အချိုဓာတ်ကြောင့် ဆီးချိုသမားတွေ စားလို့ ရ မရ မေးလာစရာရှိပါတယ်။ Beetroot မှာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတာမို့ သင့်တင့်ရုံစားသုံးနိုင်ပါတယ်။

၁၀။ဝိတ်ကျစေခြင်း

Beetroot မှာ သက်စောင့်ဓာတ်၊အမျှင်ဓာတ်နဲ့ အသားဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနည်းပါးတာမို့ ခန္ဓာကိုယ် အလေးချိန်ကို ကျစေနိုင်ပါတယ်။

၁၁။အရိုးအားကောင်းစေခြင်း

Beetroot မှာ မဂ္ဂနီစီယမ်နဲ့ ကယ်စီယမ်တွေပါတာမို့ အရိုးပွရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။

Beetroot ဖျော်ရည်ဖျော်စပ်နည်း



Beetroot တစ်ဥ၊မုန်လာဥနီတစ်ဥ၊ ဂျင်းလက်တဆစ်၊
ပန်းသီးစိမ်းတစ်လုံး၊လီမွန်တစ်ခြမ်းနဲ့ ရေ ၃၀၀ CCနဲ့ ဖျော်စပ်ထဲရောထည့်ကာ ဖျော်သောက်နိုင်ပါတယ်။
အနောက်နိုင်ငံတွေမှာ သွေးကျစေတယ်လို့ နာမည်ကြီးလှပါတယ်။

အမြင်အာရုံကြည်လင်စေမဲ့ နိုကိုဥ

အသက်အရွယ်ရလာပြီဆိုရင် အမြင်အာရုံတွေေ၀၀ါးလာတတ်တာသဘာဝပါပဲ။ ဒီနေ့ခေတ်မှာဆို တီဗီ ဂိမ်း ဖေ့ဘုတ်တွေ အသုံးများလာကြလို့ ငယ်ငယ်ကတည်းက ပါဝါမျက်မှန်တွေ တပ်နေကြပါတယ်။

နိုကိုဥကတော့ ငယ်စဉ်ကပဲဖြစ်ဖြစ် အသက်အရွယ်ရလာရင်ဖြစ်ဖြစ် အမြင်အာရုံနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးတာကိုလည်း သက်သာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အပြင် တခြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

နိုကိုဥကို သုပ်စားရအောင်

နိုကိုဥ ၂ ဥ (သို့) ၃ ဥ

ကြက်သွန်နီ ၂ လုံး

သံလွင်ဆီ အသန့်

ရှလကာရည်

ဆား

ပြင်ဆင်ခြင်း

နိုကိုဥကိုအခွံနွှာပြီး ရေ ၊ ဆားအနည်ငယ်ထည့်ပြီး ပြုတ်လိုက်ပါ။

ပွက်လာပြီဆိုရင် မီးဖိုပေါ်ကချ အအေးခံပြီး အတုံးသေးသေးလေးလှီးကာ ခွက်တစ်လုံးထဲထည့်ထားပါ။ ကြက်သွန်နီကို အခွံနွှာ အတုံးလေးတွေလှီးပြီး နိုကိုဥနဲ့ရောလိုက်ပါ။ ပြီးရင် သံလွင်ဆီအနည်း၊ ရှလကာရည်အနည်းငယ်နဲ့ ဆားအနည်းငယ်ထည့်ပါ။

ပြီးရင် သေချာနျှယ်ပေးပါ။ တကယ်လို့ ဆားမကောင်းရင်ဆားထပ်ထည့်ပြီး တခြားဟင်းခတ်မှုန့်တွေလည်း ထည့်လို့ရပါတယ်။ သုပ်ပြီးလို့ တစ်နာရီလောက်ထားပြီးမှ စားသုံးပေးပါ။

အသည်းနဲ့ အူမကြီးကို သန့်စင်စေတဲ့အပြင် အမြင်အာရုံကိုတိုးတက်လာစေပါတယ်။ နိုကိုဥသုပ်ကိုနေ့တိုင်းစားပေးဖို့ အကြံပြုပါရစေ။